မြစ်သား   ၈    အောက်တိုဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်  သာလွန်ကျေးရွာအုပ်စု၊  ညောင်ပင်သာကျေးရွာ၌  ၂၀၁၈-၂၀၁၉တိုင်း ဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကို ညောင်ပင်သာကျေးရွာ    ဓမ္မာရုံတွင် အောက်တိုဘာ ၈ ရက်နေ့ ညနေ  ၅ နာရီက ကျင်းပသည်။

 

အဆိုပါ မီးလင်းရေးပွဲကျင်းပရာတွင်   အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဒေါ်အုန်းကြည်၊   ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်နှင့်  မြစ်သားမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိသွယ် တို့ကအဖွင့်အမှာစကားပြောကြားပြီး  ကူမဲမြို့  လျှပ်စစ်အင်ဂျင်နီယာ   ဦးအောင်မိုးက   လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ဆွေးနွေးပြောကြားသည်။

 

၄

 

ထို့နောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ဒုတိယဦးစီးမှူးနှင့် ကျေးရွာမီးလင်းရေး ကော်တီတို့က မီးခလုတ်နှိပ်၍   မီးစတင် လွှတ်ပေးခဲ့သည်။

 

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေးကို ဆောင်ရွက်ခဲ့ရာ  ညောင်ပင်သာကျေးရွာတွင် ၁၇/ဝ.၄  ကေဗွီ ၁၀ဝ ကေဗွီအေ  ထရန်စဖော်မာ (၁)လုံး၊ ၁၁ ကေဗွီဓာတ်အား လိုင်း(ဝ.၄)မိုင်နှင့်  ကျေးရွာမီးလင်းရေးကော်မတီမှ ၄၀ဝဗို့အား လိုင်း(ဝ.ဝ၃)မိုင်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

မြမြမွန်(ပြန်/ဆက်)