မြစ်သား     ၂၃   စက်တင်ဘာ  

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအတွက် ဝတ်စုံနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်း မြမြသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း တို့က အမှာစကားပြောကြားခဲ့ကြသည်။

 

ထို့နောက်  အလှူရှင်များမှ လှူဒါန်းသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအတွက် ဝတ်စုံများ အားအမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လမ်းဦးစီး ဌာနဦးစီးအရာရှိတို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဉက္ကဌဦးတင့်လွင်ဦး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ရဲကျော်၊ ဒုတိယတပ်ဖွဲ့မှူး ဦးလှိုင်ဝင်းအောင် တို့ကလက်ခံရယူခဲ့ကြ ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဉက္ကဌမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအတွက် ဝတ်စုံ ၅၅ စုံအတွက် တစ်စုံလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ်   ၁၆၅၀ဝ၀ဝ အား မြို့နယ်လမ်းဦးစီးဌာန၊ Creative Seven၊ Rise up၊ Mandalay Crown ကုမ္ပဏီများက လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍  မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ ကူမဲကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဗြဟ္မပါလ လူမှုကူညီရေး အသင်းတို့အတွက် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ငွေကျပ်တစ်သိန်းစီ ဖြင့် ငွေကျပ်(၄)သိန်းအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

           

ဆုမွန် (မြစ်သားပြန်/ဆက်)