မြစ်သားမြို့နယ်၌ မိုးရာသီအမီ ရေပေးနိုင်ရေး ရေလွှတ်မြောင်းများ တည်ဆောက်နေ

မြစ်သား ၂၆ မေ


    
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သပြေတောင်းကျေးရွာအုပ်စု၊ ဒိုင်းကောင်းကန်ကွင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(တမံ)က ဆောင်ရွက်နေသည့် မိုးရာသီအမီ ရေပေးနိုင်ရေး ဆင်သေကန် ရေလွှတ်မြောင်းများ တည်ဆောက်နေမှုအား တာဝန်ရှိသူများက မေ ၂၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ကင်းတား(တမံ) ဦးစီးအရာရှိ ဦးထင်ကျော်လင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှု၊ တောင်သူများအတွက် အကျိုးပြုမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

အဆိုပါ ဆင်သေကန်မြောင်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တည်ဆောက်မည့် မြောင်းအလျားမှာ ပေ ၈၀ဝ၀ ဖြစ်ကာ အောက်ခြေ အကျယ် ၂ ပေ ၆ လက်မ၊ အမြင့် ၃ ပေနှင့် ပေ ၂၀ အရှည် ရေတံလျှောက်တစ်ခုလည်း ပါဝင်ကြောင်း၊ ယခုအချိန်ထိ လုပ်ငန်း၏ ငါးဆယ်ရာခိုင်နှုန်း ပြီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆင်သေကန်မြောင်း တည်ဆောက်ပြီးလျှင် ရေသောက်ဧက ၁၂၀ ကို အကျိုးပြုနိုင်မှာဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ကင်းတား(တမံ) ဦးစီးအရာရှိ ဦးထင်ကျော်လင်းထံမှ သိရသည်။  

 

MDN