မြစ်သား  ၁၅  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကျေးရွာများသို့ ကွင်းဆင်းကာ ကျွဲ/နွား ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးများကို စက်တင်ဘာ ၁၄ ရက်မှစ၍ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကျွဲ/နွားတိရိစ္ဆာန် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် မြစ်သားမြို့နယ်အတွင်းရှိ ကျွဲ/နွားများကို (၆)လတစ်ကြိမ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြစ်သားမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် CAHW သင်တန်းသားများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျွဲ/နွားပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေးကို စက်တင်ဘာလမှစ၍ လိုက်လံထိုးနှံ ပေးသွားမည် ဖြစ်ပြီး လက်ရှိတွင် မြစ်သားမြို့နယ်၊ နှမ်းခင်းကျေးရွာအုပ်စုရှိ ကလုံကျေးရွာ၊ မြို့တွင်း ကျေးရွာ၊ နှမ်းခင်းကျေးရွာများရှိ ကျွဲ/နွားကောင်ရေ (၄၀ဝ)ခန့်အား ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)