မြစ်သား  ၂၆  ဇူလိုင်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့ရှိ ဝန်ထမ်းကွက်သစ်နှင့် မြို့မအနောက်ရပ်ကွက်များတွင် လျှပ်စစ်ဗို့အား ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြစ်သားမြို့ ဝန်ထမ်းကွက်သစ် (၄)လမ်းတွင် 11Kv လိုင်း ၀ ဒသမ ၁၅ မိုင်၊ 200 KVA ထရမ်စဖော်မာ တစ်လုံးနှင့် ၄၀၀ ဗို့အား လိုင်း ၀ ဒသမ ၃၈ မိုင် မြို့မအနောက်ရပ်ကွက်တွင် 11kv လိုင်း ၀ ဒသမ ၂၈ မိုင်၊ 200 KVA ထရမ်စဖော်မာ တစ်လုံး၊ ညောင်ဝန်းအပိုင်းနှင့် မြို့မအနောက်ရပ်ကွက်တွင် ၄၀၀ ဗို့ ဓာတ်အားလိုင်းအတွက် ကွန်ကရိတိုင်၊ သံလက်တန်း၊ ABC 95mm2 ဝ ဒသမ ၄၄ မိုင်တို့အား တင်ဒါအောင်မြင်သော Tower Victory Engineering Group Co;ltd မှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက်မန်နေဂျာ(အင်/ယာ) ဦးမျိုးသန့်က ပြောကြားသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)