မြစ်သား ၃ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများသို့ LED မီးအိမ်များကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ထုတ်ပေးလျက်ရှိသည်။

 

မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၉၂)အုပ်စုတွင် မဲရုံပေါင်း(၂၀၀)ရုံ ထားရှိဆောင်ရွက် ထားပြီး မဲရုံများတွင် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မဲရုံတစ်ရုံလျှင် LED မီးအိမ်(၁)လုံးနှုန်းဖြင့် မီးအိမ်အလုံး(၂၀၀)ကို ထုတ်ပေးခြင်းဖြစ်ကာ အဆိုပါ မီးအိမ်များကို အထွေထွေ ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအား ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ပေး အပ်ထားသည့် ဌာဆိုင်ရာအဖွဲ့(၁၀)ဖွဲ့မှ တာဝန်ကျ ရပ်ကွက်/ကျေးရွာ မဲရုံများသို့ ယနေ့နံနက် (၁၀)နာရီအချိန်မှစတင်ကာ ကွင်းဆင်း၍ ပြန်လည် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှလည်း မြို့နယ်အတွင်း မီးမရရှိသေးသည့် ကျေးရွာ(၂၅) ရွာရှိ မဲရုံ(၂၅)ရုံအတွက် မဲရုံတစ်ရုံလျှင် LED မီးအိမ်(၂)လုံးနှုန်းဖြင့် မီးအိမ်အလုံး ၅၀ ကို ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)