ရန်ကုန်  ၂၈   ဇူလိုင်    


ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့်  မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၊ မြို့နယ်မသန်းစွမ်းသူများအဖွဲ့(မှော်ဘီ)နှင့် မသန်စွမ်းမိသားစုများ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်က ရွှေအင်းဝကျောင်းတိုက်အဝင်လမ်း၊ ကုလားကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်၌ ကျင်းပခဲ့သည်။


အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ ကမ္ဘောဇဘဏ်လီမိတက် အကြီးတန်းအထွေထွေမန်နေဂျာ ဦးအောင်ကျော်စိုး၊ တာဝန်ခံ ဒေါ်ခိုင်မာထွေးနှင့် ဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ကမ္ဘောဇဘဏ်လီမိတက် အရာထမ်း၊ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစီအစဉ် ဒါရိုက်တာ ဦးကျော်ကျော်၊ မှော်ဘီမြို့နယ် မသန်စွမ်းသူများအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


သစ်ပင်စိုက်ပျိုးတွင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားပြီး ကမ္ဘောဇဘဏ် လီမိတက် အကြီးတန်းအထွေထွေမန်နေဂျာက  ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့၊ မြို့နယ်မသန်စွမ်းသူများအဖွဲ့(မှော်ဘီ)နှင့် မသန်စွမ်းမိသားစုများ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပံ့ပိုးကူညီခြင်း နှင့်စပ်လျဉ်း၍ မုဒိတာစကားပြောကြားခဲ့သည်။ ယင်းနောက် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးက  ရှင်းလင်းပြော ကြားခဲ့ပြီး မှော်ဘီမြို့နယ် မသန်စွမ်းသူများအဖွဲ့ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ အစီအစဉ် ဒါရိုက်တာတို့က ကျေးဇူးတင်စကားပြောကြားသည်။


ထိုနောက် တိုင်းဒေသကြီးလွတ်တော်ကိုယ်စာလှယ် ဦးအောင်ဆန်းဝင်း ဦးဆောင်၍ မြန်မာနိုင်ငံ နားမကြား သူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ မြို့နယ်မသန်စွမ်းသူများအဖွဲ့(မှော်ဘီ)နှင့် မသန်စွမ်းမိသားစုများ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်လာသော လူထုပရိတ်သတ်များသည် သီးပင်၊ စားပင်နှင့် အရိပ်ရသော အပင်စုစုပေါင်း ၁၅၀ဝ တို့အား မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာရှိ ရွှေအင်းဝကျောင်းတိုက်အဝင်လမ်းတွင် စိုက်ပျိုးခဲ့ကြသည်။ 


သူရလွင်(ECO)