ရန်ကုန် ၂၆ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ သားငါးကဏ္ဏဖွံ့ဖြိုးတိုးတက်ပြီး ငါး သယံဇာတတိုးပွားစေရန်၊ ကျေးလက်နေပြည်သူများ သာဘာဝရေပြင်များနှင့် လယ်ကွင်း များအတွင်း ငါးများကို အလွယ်တကူ ဖမ်းယူစားသုံးနိုင်ရေးနှင့် မိသားစုများ အပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ ငါးသယံဇာတတိုးပွားစေရန် စပါးစိုက်ခင်းများအတွင်း ငါးခုံးမကြီး အကောင်ရည်(၅)သောင်း စိုက်ထည့်ခြင်းကို ယနေ့ နံနက်(၉) နာရီက ငါးမျိုးများ စိုက်ထည့်ခဲ့သည်။
ငါးမျိုးများ စိုက်ထည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ မှော်ဘီမြို့နယ်အတွင်းရှိ လှပဒါးကျေးရွာတွင် စပါးခင်း ဧရိယာဧက (၁၀၀)၌ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါက်တာ ယဉ်ယဉ်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေနှင့် တာဝန်ရှိများက ငါးခုံးမကြီး အကောင်ရေ(၅)သောင်း စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


