မိုးညှင်း ၁၂ ဇူလိုင်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်-လွယ်ခမ်းတောင် အန္တရာယ်ကွေ့တွင် အဆိုပါ လမ်းပိုင်းအား ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည် ။
အဆိုပါ လမ်းပိုင်းသည် ရွှေဘို-မြစ်ကြီးနားလမ်း မိုင်တိုင်အမှတ် ၂၉၀.၈ ကီလိုမီတာနှင့် ၂၉၁.၈ ကီလိုမီတာအတွင်းရှိ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာနှင့် ၁ မိုင်ခန့်အကွာတွင် တည်ရှိသော အရှည်(၄၆၀) မီတာ/၁၅၀၉ ပေ ရှိသည့် လွယ်ခမ်းတောင်အန္တရာယ်ကွေ့ဖြစ်ကြောင်း၊ ၎င်းလမ်းပိုင်းအား၂၀၁၉ ခုနှစ် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေ (၃၂၃.၂၆)သန်းဖြင့် ဇွန်လ ၂၆ ရက်မှစတင် အကောင်အထည်ဖော်ဆောင်ခဲ့ပြီး စက်တင်ဘာလတွင် ပြီးစီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်း၏ မီတာ ၃၂၀ ကို မြေသားလမ်းချဲ့ခြင်း၊ မီတာ ၄၆၀ ကို ကျောက်စီရေမြောင်းလုပ်ဆောင်ခြင်း၊ ၄၀ဝ မီတာကို Guard rail တပ်ဆင်ခြင်း၊ မီတာ ၂၀ဝ ကို (၉မီတာ) အကျယ်ကွန်ကရစ်ခင်းခြင်းနှင့် ၂၆၀ မီတာတို့ကို (၇မီတာ) အကျယ်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ် လမ်းဦးစီးအရာရှိ ဦးမောင်မောင်လွင်က ပြောသည် ။
ကွင်းဆင်းစစ်ဆေးရာသို့ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေး၊ မြို့နယ်လမ်းဦးစီးအာရာရှိ ဦးမောင်မောင်လွင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည် ။
ဝ၇၈


