မောက်မယ် ဇန်နဝါရီ ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မောက်မယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို အဆိုပါဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁ ရက်မှ ၃၀ ရက်ထိ သင်တန်းကာလ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

သင်တန်းတွင် အဝတ်အထည်နှင့် စပ်လျဉ်း၍ ချုပ်လုပ်နည်းဆိုင်ရာများကို သင်တန်းနည်းပြနှစ်ဦးက စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသူဦးရေ ၂၀ တက်ရောက်လျက်ရှိသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်းနှင့်အတူ မိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် လူမှုစီးပွားဘဝ အဆင့်အတန်း မြင့်မားလာစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် ရည်ရွယ်ပြီး ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယခုမီနီဘတ်ဂျက်တွင် မောက်မယ်မြို့နယ်အတွင်း သင်တန်းအကြိမ်ရေ တစ်ကြိမ် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)