ရန်ကုန်   ၂၄  စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ Covid 19 ရောဂါ ကာကွယ်တားဆီးတုံ့ပြန်ရေး လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့(YRO) ကွပ်ရေးစခန်း- ၁ ဖြင့် ချိတ်ဆက်၍ ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကိုဗစ် သံသယလူနာများကို Quarantine Center (၉)ခုနှင့် ကုသရေးဆေးရုံများသို့  ပို့ဆောင်ပေးနေဟု မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရှိရသည်။

 

"ကျွန်တော်တို့မြို့နယ်မှာ Qစင်တာ(၄)ခု ရှိတယ်။ လိုအပ်ချက်အရ နောက်ထပ်(၂)ခုထပ်ဖွင့်တယ်၊Hotel Quarantine က(၃)ခု ရှိတယ်။ စုစုပေါင်းQuarantine Center က(၉)ခု ရှိတယ်။ အဲ့ဒီနေရာတွေမှာ လက်ရှိ Q ဝင်နေသူစုစု ပေါင်း(၇၀၀)ကျော်ရှိတယ်။ Covid 19 ရောဂါပိုးရှိသူက(၁၆၉) ဦးရှိနေပါတယ်၊ တစ်နေ့တခြား တိုးတိုးလာတဲ့ဒီရောဂါအတွက်သယ်ယူပို့ဆောင်ရေးက အရေးကြီးနေ ဒါကြောင့်(YRO) လူမှုအထောက်အကူပြုအဖွဲ့ပေါ်ပေါက်လာတာပါ၊ သူတို့မှာဖွဲ့စည်းပုံရှိတယ် ကား(၁၆)စီးရှိတယ်၊ ကွပ်ကဲရေးစခန်းမှာ ကား(၅)စီးက စေတနာ့ဝန်ထမ်း ၁၅ ယောက်နဲ့ run နေတယ်(၅)စီးက အသင့်အနေတယ်ရှိတယ်လို့သိရတယ်" ဟု မင်္ဂလာဒုံမြို့နယ် Covid 19 ရောဂါ ကာကွယ် တားဆီး တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ(ရှေ့/နောက်)၊ ထန်းတပင်အပါအဝင် မြို့နယ် ၉ မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာနှင့် ဆက်စပ် သံသယလူနာများအား သယ်ယူပို့ဆောင်နိုင်ရန်အတွက်  Covid- 19 ရောဂါ ကာကွယ်တားဆီးတုံ့ပြန်ရေးအဖွဲ့ မြောက်ပိုင်းခရိုင်(YRO)ကွပ်ကဲမူ့စခန်း(၁)ကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံမီးပွိုင့်အနီး၊ ထောက်ကြန့်လမ်းဆုံပိုင်းရပ်ကွက်တွင် စက်တင်ဘာ ၂၃ ရက်နေ့မှစတင်၍(အခမဲ့)တိုးချဲ့ဖွင့်လှစ်၍ (၂၄)နာရီ ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်းသိရသည် ။

 

"ကျွန်တော်တို့ မြောက်ပိုင်းခရိုင်(၉)မြို့နယ်အတွက် (YRO) နှစ်ဖွဲ့ခွဲပြီးဆောင်ရွက်နေတယ်၊ ကိုဗစ်လူနာနဲ့ သံသယ လူနာများကို သယ်ယူပိုဆောင်တဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်ကိုဗစ် ကာကွယ် တားဆီး တုံ့ပြန်ရေးကော်မတီနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်"ဟု ကွပ်ကဲရေးစခန်း(၁) အဖွဲ့ခေါင်း‌ဆောင် ဦးမြသိန်းက ပြောသည်။

 

အဆိုပါ ကွပ်ကဲရေးစခန်း(၁)တွင်  သုခရောင်ခြည်၊ မာတာ၊ Golden Star၊ ဓမ္မဝါဒီ၊ ရှင်သန်ရေးအဖွဲ့(၁)၊ မဇ္ဇျိမလှိုင်း စသည့် လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းများမှ လူနာတင်ယာဉ်များ၊ ပရဟိတ အသင်းဝင်များ ပါဝင်ပူးပေါင်းဆောင်ရွက်‌ ပေးလျက်ရှိကြောင်းသိရသည်။

 

"နိုင်ငံတော်အစိုးရအနေနဲ့ ပြည်များအတွက် ကျန်းမာရေး ဝန်ဆောင်မူ့ပေးနေတယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်တယ်၊ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ကိုယ့်မြို့နယ်အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကိုအစွမ်းကုန်ဆောင်ရွက်နေပါတယ်၊ ဒီကူးစက်ရောဂါ ဖြစ်ပြန့်ပွားမှု မရှိအောင် ပြည်သူတွေနဲ့  ဗိုလန်ဒီယာလူမှူအဖွဲ့တွေ၊ ကြက်ခြေနီတွေ၊ မြို့နယ်အုပ်ချုပ်ရေး အပိုင်းတွေ၊ အကုန်လုံး ပူးပေါင်းပြီးတော့လုပ်ဆောင်နေကြသလို၊ နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒတွေကို နားလည်မှုမလွဲ‌‌ မှားစေဘဲ ပြည်သူအများကပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်" ဟု  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓာတ်ပုံ-အောင်ထက်(မင်္ဂလာဒုံ)

 

mdn