ရန်ကုန် ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် (၂)ရပ်ကွက် ရှိ (၂)စျေးအား မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေးလေ့ကျင့်ခြင်းကို ယနေ့ ညနေ ၆ နာရီက အဆိုပါဈေးတွင် တာဝန်ရှိသူများက အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ဈေးတာဝန်ခံနှင့် စျေးလုံခြုံရေးများ၊ စျေးကော်မတီတို့နှင့်အတူ ဈေးပိတ်ချိန်မီးသုံးစွဲမှုနှင့် လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားမှု ရှိ/မရှိ၊ စျေးမီးဘေးလုံခြုံရေးဆောင်ရွက်ထားသည့် အပေါ့စားစက်များ အဆင်သင့်အသုံးပြုနိုင်ခြင်း ရှိ/မရှိနှင့် စျေးလုံခြုံရေးများအား ပိုက်ခေါင်းကိုင်ဆောင်ပုံကိုင်ဆောင်နည်းများကို သင်ကြားပေး၍ အသေးစိတ်စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


