ရန်ကုန်   ဧပြီ   ၂

ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် (၂)ရပ်ကွက် ရှိ  (၂)စျေးအား  မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေး စစ်‌ဆေးခြင်းနှင့်  မီးငြှိမ်းသတ်ရေးလေ့ကျင့်ခြင်းကို ယနေ့ ညနေ ၆ နာရီက အဆိုပါဈေးတွင် တာဝန်ရှိသူများက  အသိပညာပေး   ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊  မီးငြှိမ်းသတ်ယာဉ် တစ်စီး၊  ဈေးတာဝန်ခံနှင့်  စျေးလုံခြုံရေးများ၊ စျေးကော်မတီတို့နှင့်အတူ  ဈေးပိတ်ချိန်မီးသုံးစွဲမှုနှင့် လျှပ်စစ်မိန်းခလုတ်များ  ပိတ်ထားမှု ရှိ/မရှိ၊ စျေးမီးဘေးလုံခြုံရေးဆောင်ရွက်ထားသည့် အပေါ့စားစက်များ အဆင်သင့်အသုံးပြုနိုင်ခြင်း ရှိ/မရှိနှင့် စျေးလုံခြုံရေးများအား ပိုက်ခေါင်းကိုင်ဆောင်ပုံကိုင်ဆောင်နည်းများကို  သင်ကြားပေး၍ အသေးစိတ်စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

သက်လွင်စိုး(ပြန်/ဆက်)