စစ်တွေ ၂၁ မေ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် ဦးဆောင်သည့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ရေရှည်စီမံ ခန့်ခွဲရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)