မြောက်ဦး ၂၃  မေ 

 

မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နွေရာသီ ကျောင်းပိတ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးလာစေရန်နှင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်တတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ညာဏစွမ်းရည်ယှဉ်ပြိုင်ပွဲကို အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အကြီးတန်းစာရေး ဦတင်ဝင်းမှ ပြိုင်ပွဲတွင် သတ်မှတ်ထားသော စည်းကမ်းချက်ပါ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝင်ရောက်ယှဉ်ပြိုင်လာသော ပြိုင်ပွဲဝင်ကလေးငယ်များကို အဖွဲ့များဖွဲ့စည်းပြီး အဖွဲ့တစ်ဖွဲ့လျှင် ကလေးငယ်သုံးဦးစီဖြင့် ရုပ်ပုံတွင် ဖော်ပပေးထားသော အသီးအနှံအမည်များကို  မေးခွန်းများမေးပြီး အမြန်ဆုံးနှင့် အမှန်ဆုံးဖြေဆိုနိုင်သောအဖွဲ့ကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂၀ ဦးမှ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြောက်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ သတင်းရရှိသည်။

 

MDN