မြောက်ဦး ၁၃ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈/ ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်နေပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အပ်ချုပ်စက်သင်တန်းကို ယနေ့ နံနက် ၈ နာရီ အချိန်က အဆိုပါရုံးရှိအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်မှ အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍အကျယ် တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အဆိုပါသင်တန်းသို့ မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒု အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးဦးချစ်မောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူ၊ မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းသို့ အနီးနားကျေးရွာ ၁၀ ရွာမှ သင်တန်းသူ ၂၅ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း ခရိုင် ပြန်/ဆက်မှ သတင်းရရှိသည်။
MDN