မြောက်ဦး ၁၇ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ ပူပြင်းသောနွေရာသီကာလတွင် ရေခန်းခြောက်ကာ သောက်သုံးရေ အခက်ကြုံနေရသဖြင့် မြောက်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေလိုအပ်လျှက်ရှိသော ကယ်ဆယ်ရေးစခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ယနေ့ နံနက် ၈ နာရီအချိန်က သွားရောက်ကာ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါသောက်သုံးရေများ လှူဒါန်းရာတွင် မြောက်ဦးမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၁၄) ဦး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေအခက် ခဲကြုံတွေ့နေရသော ကြက်ဈေးရပ်ကွက် မုတ်ဆိတ်တောင်ဘုန်းတော်ကြီးကျောင်း၊ တိမ်ညိုကျေးရွာ တိုက်ပွဲရှောင်စခန်းနှင့် ပီပင်ရင်းကျေးရွာ တိုက်ပွဲရှောင်စခန်းတို့ရှိ ပြည်သူများအတွက် သောက်သုံးရေ (၃၆၀ဝ) ဂါလံကို သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် ပြန်/ဆက်