မြောက်ဦး ၂၄ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးထွန်းရန်နိုင်သူနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈ နာရီအချိန်က ပန်းချင်းမြောင်ဆည်၊ မြေသားတာတမံတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးနေမှုအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တာဝန်ရှိသူများက ဆည်မြေသားတာတမံခိုင်ခံ့မှုနှင့် စက်ယန္တရားကြီးများဖြင့်အသုံးပြုဆောင် ရွက်ထားရှိခြင်း ရှိ/မရှိ တို့ကိုသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။ ပန်းချင်းမြောင်ဆည်ကိုတည်ဆောက်ပေး ခြင်းဖြင့် ဝေသာလီ၊ ပေါက်တောပြင်၊ လက္ကာ အစရှိသောကျေးရွာများနှင့် အနီးတဝိုက်ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလှုံစွာ ရရှိလာမည်ဖြစ်ပြီး အဆိုပါဆည်မြေသားတာတမံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ် အစိုးရရံပုံငွေနဲ့ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
ယခုလို ပန်းချင်းမြောင်ဆည်မြေသားတာတမံတည်ဆောက်ပေးလိုက်တဲ့အတွက် နွေရာသီမှာ သောက်သုံးရေနှင့် စိုက်ပျိုးရေတွေဖူလှုံလာမယ်၊ နွေရာသီသီးနှံတွေ စိုက်ပျိုးလာနိုင်တဲ့အတွက် ကျေးရွာနေပြည်သူတွေဝင်ငွေ တိုးတက်လာမယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းရန် နိုင်သူ က ပြောကြားသည်။ အဆိုပါပန်းချင်းမြောင်ဆည်မှာ မြေသားတာဘောင်အမျိုးအစားဖြစ်ပြီး အလျှားပေ ၆၅၀၊ တာဘောင်ငယ် ၃၅၀ ပေ၊ အမြင့် ၁၀ ပေနှင့် အကျယ်၂၀ ပေရှိကာ ပြည်နယ်အစိုးရရံပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်ထားခြင်းမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN