မြောက်ဦး ၁၀ ဇူလိုင်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက မြောက်ဦးမြို့ပေါ် ကယ်ဆယ်ရေးစခန်း(၁၁)ခုတွင် ရောက်ရှိ ခိုလှုံနေကြသော အမျိုးသမီးများအတွက် အမျိုးသမီးအသုံးအဆောင် ပစ္စည်းများကို သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် တာဝန်ရှိဝန်ထမ်းများက မြောက်ဦးမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများဖြစ်သော သျှစ်သောင်းဘုန်းတော်ကြီးကျောင်း၊ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၊ အောင်စေတီဘုရားသိမ်အစရှိသော ကယ်ဆယ်ရေးစခန်း (၁၁)ခုတွင် ရောက်ရှိခိုလုံနေကြသော အသက်(၁၅)နှစ်မှ (၅၅)နှစ်အတွင်းရှိ အမျိုးသမီး စုစုပေါင်း (၉၁၉)ဦးအတွက် အမျိုးသမီး အသုံးအဆောင်ပစ္စည်းထုပ် (၉၁၉) ထုပ်နှင့် အမျိုးသမီးအတွင်းခံ (၉၁၉)ထည်တို့အား အဆိုပါ ကယ်ဆယ်ရေးစခန်း တာဝန်ခံများထံသို့ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တာဝန်ရှိသူများမှ ကယ်ဆယ်ရေးစခန်း နေပြည်သူများကို အားပေးစကားပြောကြားခဲ့ကြောင်း မြောက်ဉီးခရိုင်ပြန်ဆက်မှ သိရှိရသည်။
MDN


