မြောက်ဦး ဇန်နဝါရီ ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ပေါ်၌ နယ်မြေဒေသအေးချမ်းသာယာသောကြောင့် အထူးဈေးရောင်းပွဲတော်ကို ကုန်သည်တန်းရပ်ကွက် နန်းတော်ရာကုန်းရှေ့ ဘောလုံးကွင်း (ဟောင်း) တွင် ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီမှ စတင်ကာရောင်ချနေပြီး ဇန်နဝါရီ ၁၂ ရက်အထိ (၅)ရက်တိုင်တိုင် ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ မြို့ပေါ်ရပ်ကွက်နေ မိဘပြည်သူများအား နှာခေါင်းစည်း(Mask) တပ်ပြီးမှသာ လာရောက်ရန် ကြိုတင်အသိပေးထားသည်။ ဈေးသည်များသည် ကလေးကစားစရာနှင့် အလှကုန်ပစ္စည်းမျိုးစုံကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိသည်။ ကလေးဆော့စရာများ၊ ကစားကွင်း၊ အပျော်တမ်းအားကစားများအပြင် အစားအသောက်များ၊ ရခိုင့်ရိုးရာ အဝတ်အထည်များ၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် မီးဖိုချောင်သုံးပစ္စည်းများကိုလည်း ရောင်းချပေးလျက်ရှိသည်။ 

မြို့ပေါ်ရပ်ကွက်တိုင်းမှ မိဘပြည်သူများသည် အထူးဈေးရောင်းပွဲတော်သို့ သွားရောက်ကြပြီး ပစ္စည်းများကို ဝယ်ယူအားပေးလျက်ရှိကြောင်း  သိရှိသည်။ 

မြင့်စိုး (ပြန်/ဆက်)