မော်လိုက် ၂၂ သြဂုတ်      

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်များအရ ၁၃၃၃ စင်တီမီတာသို့ ရောက်ရှိနေသဖြင့် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၂၃၀ စင်တီမီတာ၏ အထက် ၁၀၃ စင်တီမီတာကျော်လွန်ရောက်ရှိနေကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၂၀) တို့တွင် အိမ်ထောင်စု ၇၈၇ စုတို့မှာ မြစ်ရေဝင်ရောက်လျက်ရှိပြီး ရေဘေးသင့် အိမ်​ခြေ ၅၅ အိမ်မှ လူဦးရေ ၂၆၂ ဦးတို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဖွင့်လှစ်ဆောင်ရွက်ပေးထားသည့် ​မြို့ပေါ် ယာယီကယ်ဆယ်ရေးစခန်း ငါးခုနှင့် ကျေးရွာများရှိ ယာယီကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ နေရာချထားပေးကြောင်းနှင့် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက ၂၄၉ ဧကနှင့် ပျိုးခင်းဧက(၀ ဒသမ ၂၀) ရေနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မော်လိုက်သားလေး