မော်လမြိုင်  ၂၇   ဩဂုတ်

 

မွန်ပြည်နယ် မော်လမြိုင် (CBFQ) ၌ COVID-19 လူနာ Case (482) လူနာနှင့်ထိတွေ့ခဲ့သူ (၁၀) မြို့နယ်ဆောင်၌ Quarantine  ဝင်နေသူ ၄၃ ဦးနှင့် Quarantine  တွင် ဝိုင်းဝန်းလုပ်ကိုင်နေသော ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဘိုဘိုဝင်း Rescue အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ဝင်များ ၁၄ ဦး၊ စုစုပေါင်း ၅၇ ဦးအား ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ထားပြီး ယနေ့ Mon State Health Department မှ တရားဝင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဩဂုတ် ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှ ပြန်လာပြီး Quarantine  ဝင်ရောက်နေသူ ၁၀ ဦးအား ကျန်းမာရေးစစ်ဆေးခဲ့ရာ Case(482) လူနာ တစ်ဦးသာ Positive လူနာအဖြစ်တွေ့ရှိရပြီး လူနာ၏ မိသားစုဝင်(၆)ဦးကို စစ်ဆေးရာမှာလည်း ပထမအကြိမ် Negative ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

ရခိုင်ပြည်နယ်မှ ပြန်လာသည့် မော်လမြိုင်မြို့မှ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ Case (482) ဖြစ်သူသည် ပညာရေးဝန်ထမ်းဖြစ်ပြီး ၎င်းနှင့်ထိတွေ့ခဲ့သူ ဝန်ထမ်းများကိုလည်း Quarantine  ပြုလုပ်ထားပြီဖြစ်ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

 

စမ်းစမ်းနွယ်