မော်လမြိုင်ကျွန်း   ဇန်နဝါရီ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့ရှိ အခြေခံပညာကျောင်းများတွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက စတင်ခဲ့ရာ ဇန်နဝါရီ ၈ ရက်အထိ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပထမနှစ်ဝက် စာမေးပွဲစစ်ဆေးခြင်းကို တစ်ရက်လျှင် ဘာသာရပ်နှစ်ခုဖြင့် သုံးရက်ကြာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၂၁ အုပ်စုတွင် အခြေခံပညာကျောင်း ၃၈၁ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃၉ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူ ၄၂၅၀၇ ဦးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ၂၇၀၃ ဦး ကျောင်းသား ကျောင်းသူစုစုပေါင်း ၄၅၂၁၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)