မော်လမြိုင်ကျွန်း ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီးဦ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇူလိုင် ၈ ရက် ညနေပိုင်းက ရေလုပ်သားများ ငါးဖမ်းနေစဉ် မိကျောင်းတစ်ကောင် ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းမိခဲ့သည့် မိကျောင်းငယ်မှာ အလျား ၄ ပေရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က မော်လမြိုင်ကျွန်းမြို့၏ အနောက်ဘက် ရေချိုရေငန်အစပ်ဖြစ်သော သစ်တောကြိုးဝိုင်းအနီးရှိ မြစ်အတွင်းသို့ လွှတ်ပေးခဲ့ကြောင်းနှင့် ထိုသို့ လွှတ်ပေးခဲ့ခြင်းကို ပြည်သူအများ သိရှိနိုင်ရန် ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်(မော်ကျွန်း)