မော်လမြိုင်ကျွန်း ၂၁ မေ


နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


ထိုသို့ သွားရောက်လှူဒါန်းပေးလျက်ရှိရာ မေ ၂၀ ရက် မွန်းလွဲပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ လေးဂွကြီးကျေးရွာ၊ ပေါ်တော်မူကျေးရွာနှင့် အလယ်ရေကျော်ကျေးရွာများသို့ သောက်သုံးရေဂါလန် ၈၅၀ဝ၀ ကို သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့ကြသည်။


ထို့နောက် အဆိုပါသောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော ကျေးရွာများသို့ ရေပြတ်လပ်မှု မကြုံတွေ့နိုင်ရေး နည်းလမ်းများကို အကြံပြုစီစဉ် ဆောင်ရွက်ပေးကြောင်း သိရသည်။


မင်းမြင့်မိုရ်(ငါန်းဇွန်)

 

1