မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ မဟာဗန္ဓုလ (၅)လမ်းတွင် ဇန်နဝါရီ ၂၈ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်က အိမ်ပိုင်ရှင် ဦးထွန်းအောင်လင်း၏ နေအိမ်၌ ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ ဘုရားစင်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ် (၂)လုံးအား ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုအား မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် မီးသတ်သန္ဓေ (၂၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)နှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။

 

ရဲကိုမောင် (ပြန်/ဆက်)