မော်လမြိုင်       ဇူလိုင်      ၂၀

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိနယ်မြေ၊ မျှော်လင့်ဆိပ်ကမ်း၌ ငါးမျိုး စိုက်ထည့်ပွဲကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တာဝန်ရှိသူများက ငါးမြစ်ချင်း၊ ငါးခုံးမ၊ ရွှေဝါငါးကြင်း ငါးသားပေါက် ကောင်ရေ ၁,၅ဝဝဝဝ ကို အတ္ထရံမြစ်အတွင်း ငါးမျိုးစိုက်ထည့် ပေးခဲ့သည်။ မော်လမြိုင်ခရိုင်အတွင်း ယနေ့အထိ မြစ်၊ ချောင်း၊ သဘာဝရေပြင်သို့ ငါးသားပေါက် ကောင်ရေ ခြောက်သိန်းခန့် ငါးမျိုးစိုက်ထည့် ပေးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသော ဆည်၊ ရေလှောင်ကန်များသို့လည်း ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ဆက်လက်၍ ငါးမျိုးများ စိုက်ထည့်ပေးသွားမည် ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)