မော်လမြိုင် သြဂုတ် ၁၇
မော်လမြိုင်မြို့နယ်တွင် ဩဂုတ် ၁၅ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေများ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ မြေနိမ့်ပိုင်းရပ်ကွက် လူနေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လာသဖြင့် ဈေးကြိုရပ်ကွက် ဥယျာဉ်လမ်းအတွင်းရှိ အိမ်ထောင်စု (၄၈) စုအား မေတ္တာလမ်း ဓမ္မကာရီ ဓမ္မာရုံသို့ ဩဂုတ် ၁၆ ရက် ညနေပိုင်းက ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။
ဈေးကြိုရပ်ကွက် ဥယျာဉ်လမ်းရှိ အိမ်ထောင်စု (၄၈) စုမှ အမျိုးသား/အမျိုးသမီး ၁၇၉ ဦးတို့အား မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ ပရဟိတ လူမှုကူညီရေး အဖွဲ့များပူးပေါင်းကာ ရေလွတ်သည့် ဈေးကြိုရပ်ကွက် မေတ္တာလမ်း ဓမ္မကာရီဓမ္မာရုံသို့ ပြောင်းရွှေ့ထားပြီး အိမ်ထောင်စုများ စား၀တ်နေရေး အဆင်ပြေစေရန်အတွက် ဦးလှထွန်း (ငရုတ်သီးမှုန့်) မိသားစုများက ရေကြီးနစ်မြုပ်လျက်ရှိသည့် ရပ်ကွက် (၇) ရပ်ကွက်ရှိ အိမ်ထောင်စုများအား ချက်ပြုတ်ကျွေးမွေးရန် ဆန်အိတ် ၂၅၄ အိတ်အား လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ခရိုင် ပြန်/ဆက်)
