mdn

မော်လမြိုင်     ဇူလိုင်    ၁၉

 

မွန်ပြည်နယ်၊  မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များတွင် အထောက်အကူပြုစေရန်အတွက် ကျောက်တန်းရပ်ကွက်  စက်ရုံစုရှိ သံလွင်အောက်ဆီဂျင် စက်ရုံမှ တစ်နေ့လျှင်အောက်ဆီဂျင်  (၄၀)လီတာ၊   အိုးအလုံးရေ(၁၄၀) ထုတ်လုပ်ပေးလျက်ရှိ ကြောင်း သိရသည်။

 

အဆိုပါအောက်ဆီဂျင်များ ထုတ်လုပ်ပေးခြင်းဖြင့် ကိုဗစ်-၁၉ပိုးတွေ့ရှိ အတည်ပြုလူနာများ အတွက် များစွာအထောက်အကူဖြစ်စေပြီး  မော်လမြိုင်မြို့နယ်အတွင်း  မော်လမြိုင်အ​ထွေ​ထွေ​ ရောဂါကု​ဆေးရုံကြီးရှိ  Isolation Ward-1၊    Isolation Ward-3  ၊ပရိယတ္တိ ဓမ္မဗိမာန်​တော်ကြီး၊ နှင့်  မော်လမြိုင်တက္ကသိုလ်ရှိ(၁၀)မြို့နယ်ဆောင်  Quarantine  Center များသို့လိုအပ်သည့်ပမာဏ များအလိုက် ခွဲဝေပေးလျက်ရှိသည်။

 

အလားတူ မွန်ပြည်နယ်(၁၀)မြို့နယ် အတွင်းရှိဆေးရုံများနှင့် ပရဟိတအဖွဲ့များသို့လည်း  ထုတ်လုပ်နိုင်မှု ပမဏာအပေါ်မူတည်၍ ဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် ဝယ်ယူလိုပါက အလှည့်ကျတန်းစီစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းကို သံလွင်အောက်ဆီဂျင်စက်ရုံတာဝန်ခံ  ဦးသားကြီးထံမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)