မော်လမြိုင် ဇူလိုင် ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များတွင် အထောက်အကူပြုစေရန်အတွက် ကျောက်တန်းရပ်ကွက် စက်ရုံစုရှိ သံလွင်အောက်ဆီဂျင် စက်ရုံမှ တစ်နေ့လျှင်အောက်ဆီဂျင် (၄၀)လီတာ၊ အိုးအလုံးရေ(၁၄၀) ထုတ်လုပ်ပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်များ ထုတ်လုပ်ပေးခြင်းဖြင့် ကိုဗစ်-၁၉ပိုးတွေ့ရှိ အတည်ပြုလူနာများ အတွက် များစွာအထောက်အကူဖြစ်စေပြီး မော်လမြိုင်မြို့နယ်အတွင်း မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီးရှိ Isolation Ward-1၊ Isolation Ward-3 ၊ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၊ နှင့် မော်လမြိုင်တက္ကသိုလ်ရှိ(၁၀)မြို့နယ်ဆောင် Quarantine Center များသို့လိုအပ်သည့်ပမာဏ များအလိုက် ခွဲဝေပေးလျက်ရှိသည်။
အလားတူ မွန်ပြည်နယ်(၁၀)မြို့နယ် အတွင်းရှိဆေးရုံများနှင့် ပရဟိတအဖွဲ့များသို့လည်း ထုတ်လုပ်နိုင်မှု ပမဏာအပေါ်မူတည်၍ ဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် ဝယ်ယူလိုပါက အလှည့်ကျတန်းစီစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းကို သံလွင်အောက်ဆီဂျင်စက်ရုံတာဝန်ခံ ဦးသားကြီးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)


