မော်လမြိုင် ၂၅ ဇူလိုင်
မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် မြေအောက်ရေတိုင်းတာနည်း (Geophysical Survey) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများထဲမှ တွင်းနက်တူးဖော်ရာတွင် ပိုမိုထိရောက်မှု ရှိစေရေး အတွက် မြေအောက်ရေ တိုင်းတာနည်းသင်တန်းကို ဝန်ထမ်းများအား သင်ကြားပို့ချရခြင်းဖြစ်ပြီး ကျေးရွာများသို့ ကွင်းဆင်း၍ လက်တွေ့သင်ကြား ပို့ချသွားမည့်ဖြစ်ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်က သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
အဆိုပါသင်တန်းကို မွန်ပြည်နယ်(၁၀)မြို့နယ်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသာ(၁၅)ဦး တက်ရောက်သင်ကြားမည့်ဖြစ်ပြီး သင်တန်းကာလမှာ ၅ ရက်ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


