မော်လမြိုင် ၅ နိုဝင်ဘာ
မွန်ပြည်နယ်၊ မော်လမြိုင်၌ မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်း ဆန်၊ ဆီ၊ ဆား၊ ပဲ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ထောက်ပံ့ရသည့် ရည်ရွယ်ချက်ကို ပြောကြားကာ အခြေခံစားသောက်ကုန်များကို မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။
မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင် ၃၅၉ ဦးအတွက် ဆန် ၅၇ အိတ်၊ ဆီ ပိဿာ ၁၀၀၊ အိုင်အိုဒင်းဆား ၈၇ ပိဿာ၊ ကုလားပဲခြမ်း ၅ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
စမ်းစမ်းနွယ်


