မော်လမြိုင် ၂၀ ဩဂုတ်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ်ပိုင်းတွင် မြို့နယ်အခွန်ဦးစီးဌာနမှ ပြည်တွင်း၌ နိုင်ငံခြားအရက်အမျိုးမျိုး အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက်အရ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးဝေလင်းထွန်းက မော်လမြိုင်မြို့နယ်အတွင်း လုပ်ငန်းလိုင်စင်ဖြင့် နိုင်ငံခြားအရက်အမျိုးမျိုး တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်မြင့်တင်အေးက အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာများ အသေးစိတ် ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အခွန်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းလိုင်စင်ဖြင့် ဆောင်ရွက်နေသူများ တက်ရောက်ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
စမ်းစမ်းနွယ်