မော်လမြိုင် အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း ကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပညာရေးဌာန တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေးတွင် ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားထားပြီး မော်လမြိုင်မြို့နယ် အနေဖြင့် ကာကွယ်ဆေးထိုးနှံရန် စုရပ်(၁၈)စုသတ်မှတ်ကာ ကျန်းမာရေးဌာန ဆေးထိုးအဖွဲ့(၆)ဖွဲ့မှ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂၈၇)ဦးတို့အား ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)