မော်လမြိုင် အောက်တိုဘာ    ၁၂

မွန်ပြည်နယ်၊  မော်လမြိုင်မြို့နယ်အတွင်းရှိ   အခြေခံပညာ   အထက်တန်းနှင့်  အလယ်တန်း ကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများ အား   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံနိုင်ရေးအတွက်   ပညာရေးဌာန    တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေးတွင် ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့်  ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်  ရှင်းလင်းပြောကြားထားပြီး  မော်လမြိုင်မြို့နယ် အနေဖြင့် ကာကွယ်ဆေးထိုးနှံရန် စုရပ်(၁၈)စုသတ်မှတ်ကာ  ကျန်းမာရေးဌာန ဆေးထိုးအဖွဲ့(၆)ဖွဲ့မှ   အခြေခံပညာ အထက်တန်းနှင့်  အလယ်တန်းအဆင့် ကျောင်းသား၊  ကျောင်းသူ  (၁၂၈၇)ဦးတို့အား ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)