မော်လူး ၂၈ မေ 


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးမြို့ပေါ်ရပ်ကွက်နှင့် ကျန်ရှိနေသည့် ကျေးရွာများကို မေ ၂၇ ရက် နံနက် ၈ နာရီက တိုက်နယ်ကျန်းမာရေးဌာနတွင် ဆေးစိမ်ခြင်ထောင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။


“၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မော်လူးတိုက်နယ်ကျန်းမာရေးဌာနအတွင်းက ကျေးရွာ(၂၁)ရွာကို ဝေငှပေးပြီးပါပြီ။ အခုအကြိမ်ဝေငှပေးပြီးပါက အင်းတော်မြို့နယ်အတွင်း ကျေးရွာရော မြို့ပါမကျန် ဆေးစိမ်ခြင်ထောင်ဝေငှပေးပြီးဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့အကျိုးရှိရှိ အသုံးပြုစေလိုပါတယ်”ဟု ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။


ဆေးစိမ်ခြင်ထောင်များ ဝေငှအပြီးတွင် ဦးကြည်ကိုကို ကျန်းမာရေးကြီးကြပ်(၁) မော်လူးမြို့မှ ဒေသခံပြည်သူများကို ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ အမှန်တစ်ကယ်ကင်းဝေးကြမည်ဖြစ်ကြောင်းကို ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


ခင်မောင်ဆွေ (မော်လူး)