မြောင် ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ မြို့နယ်အတွင်းရှိ ပြည်သူများအား ဖိတ်ခေါ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ဧပြီလ ၈ ရက် နံနက် ၉နာရီက မြို့တော် ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသိုဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဉီးကျော်ဇင်ထွန်း၊ မြို့နယ်ရဲ တပ်ဖွဲ့ရဲမှူးဇော်ဝင်းနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဉီးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆွေတို့က မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကို ဖိတ်ခေါ်၍ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဉီးရေစာရင်းများအား ပြုလုပ်ဆောင်ရွက်ပေး ခဲ့ပြီး ပန်းခင်းစီမံချက်များဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆွေက ပြည်သူများအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ''လူမှုဘဝ ပြည်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့'' အသိပညာပေးလက်ကမ်းစာ စောင်များကို ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြောင်မြို့နယ်တွင်ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၃၄၅၅ဦးနှင့် အိမ်ထောင်စု ၂၁၈ စုတို့ကို ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်