မြောင်းမြမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၅) (အခမဲ့) သင်တန်းဖွင့်လှစ်ပေး

မြောင်းမြ  ၂၃ ဇူလိုင်

 


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၅) (အခမဲ့) သင်တန်းကို   ဇူလိုင် ၂၃ ရက် ညနေ ၄ နာရီက လူထုအခြေပြုဗဟိုဌာန၌ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ စိတ်ပါဝင်စားသူ (၁၈)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၂၃ ရက်အထိ တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါသင်တန်းကို ကွန်ပျူတာနည်းပညာ အခြေခံမှစပြီး အိုင်တီပညာရပ်ဆိုင်ရာများကို ပိုမိုလေ့လာနိုင်စေရေး၊ ရုံးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းခွင်အတွက် ပိုမိုအကျိုးရှိစေရေးတို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 


စန္ဒာမိုး (ပြန်/ဆက်)