မြောင်းမြ   ဇန်နဝါရီ   ၂၁

 

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ဆက်လက်ထုတ်ချေး ပေးလျက်ရှိသည်။

 

ဆောင်းသီးနှံ စိုက်ပျိုးသူ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေအနေဖြင့် တစ်ဧကလျှင် ၁၅၀၀၀၀ နှုန်း ထုတ်ပေးလျက်ရှိပြီး ယနေ့တွင် မြောင်းမြမြို့နယ်ရှိ ထန်းကုန်း၊ ငါးဒန်တရာနှင့် ဦးနုချောင်း ကျေးရွာများမှ တောင်သူများအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစရိတ်ထုတ်ချေးရန် လျာထားငွေမှာ ငွေကျပ်သိန်း ၁၃၀၀၀ ဖြစ်ကြောင်း၊ ချေးငွေထုတ်ချေးခြင်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ရက်မှ စတင်ထုတ်ချေး ပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာ ၂၃ ရွာရှိ တောင်သူ ၁၁၄၆ ဦးပိုင်ဆိုင်သည့် ဧက ၆၆၅၉ အတွက် ငွေကျပ် သိန်း ၉၉၈၈ ဒသမ ၅၀ ထုတ်ချေးပြီးဖြစ်ကြောင်း၊ ကျန်ရှိသော ကျေးရွာများကိုလည်း ယခုလအတွင်း အပြီးထုတ်ချေးသွာမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

 

စန္ဒာကြည်(ပြန်/ဆက်)