မောင်တော ၄ ဇွန်
ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇွန် ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်လျှက် ရှိသည်။

မောင်တောမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသား/သူများအား အထက်တန်းကျောင်း(၈)ကျောင်း၊ အထက(ခွဲ)(၇) ကျောင်း၊ အလကကျောင်း(၂)ကျောင်း၊ အလက(ခွဲ)(၉)ကျောင်း၊ မူ(လွန်)(၄၉)ကျောင်း၊ အမက(၃၂)ကျောင်း၊ အမက(ခွဲ) (၁၅)ကျောင်း စုစုပေါင်းကျောင်း(၁၂၂)ကျောင်းတို့၌ ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူ၊ ဆွေမျိုးများမှ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ကျောင်းတက်ရန် လာရောက် ပို့ဆောင်ပေးလျှက်ရှိပြီး ယင်းအပြင် Grade-3 နှင့် Grade-6 အတန်းများကို သင်ရိုးသစ်ဖြင့် စတင်သင်ကြားပေးလျှက်ရှိရာ သင်ကြားပေးသည့် ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများပါ စိတ်ပါဝင်စားစွာဖြင့် သင်ကြားလျက်ရှိသည်ကို တွေ့ရသည်။
သက်လွင်စိုး(ပြန်/ဆက်)