မောင်တော ၃ စက်တင်ဘာ
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်များကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကုန်တင်ကုန်ချ လုပ်ငန်းကော်မတီရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့သို့ ပေးအပ်ရာတွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၏ တင်ပြမှုအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မောင်တောမြို့နယ် ကုန်တင်ကုန်ချ ကော်မတီ ရုံးရှိ အလုပ်သမား (၁၃၅)ဦးအတွက် တစ်ဦးလျှင် ဆန် (၁)အိတ် နှုန်းဖြင့် ဆန်အိတ် (၁၃၅)အိတ်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ နှင့် မြို့နယ် ကုန်တင်ကုန်ချကော်မတီရုံး မြို့နယ်တာဝန်ခံ ဦးဇော်ဇော်အောင်တို့က အလုပ်သမားများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)


