မောင်တော ၂၂  ဩဂုတ် 

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းမပေါ်ပေါက်လာစေရေးအတွက် မြို့နယ်အဆင့် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန် ထားသော အများပြည်သူသိရှိလိုက်နာရမည့် လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့်  လှည့်လည် ကြေညာခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၂  ရက်က  မြို့ပေါ်နေရာများတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသော မိမိတို့ ရပ်ကွက်၊ ကျေးရွာအုပ်စုအ တွင်းသို့ စစ်တွေမြို့မှ ပြန်လည်ဝင်ရောက်လာသူများရှိပါက မိမိနေအိမ်၌သာ နေထိုင်သွားရန်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများထံသို့ အချိန်မီသတင်းပေးပို့သွားရန်နှင့် သံသယဖြစ်ဖွယ်ရာ ရောဂါလက္ခဏာများ တွေ့ရှိလာပါက သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသို့ အချိန်မှီ အကြောင်းကြားရန် လိုအပ်ခြင်း အချက်အလက်များ ပါဝင်သော ညွှန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ ပေါ်ရပ်ကွက်များအတွင်း လိုက်လံကြေညာခဲ့ကြသည်။

 

၎င်းအပြင် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည်  (၃) မိုင်စစ်ဆေးရေး ဂိတ်တွင်  မြို့အတွင်းသို့ ဝင်ရောက်လာ သော ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း Mask များ စနစ်တကျ တင်ဆင်ပြီးမှ မြို့အတွင်းသို့ ဝင်ရောက်စေခြင်း နှင့် မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများက အဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)