မောင်တော၊       ၁၂        ဇွန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဇွန် ၃ ရက်တွင် နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသူ  မိသားစု နှစ်စု ဖမ်းဆီးရမိခဲ့ရာ  ၎င်းတို့အား Home Quarantine ထားရှိခဲ့ပြီး   ဇွန်  ၇ ရက်တွင်   Standard Q Covid-19  Antigen Test ဖြင့်  ပထမအကြိမ် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိဘဲ ထပ်မံ၍ ဒုတိယအကြိမ်အဖြစ် ဇွန် ၁၀ ရက်တွင်  Swab နမူနာရယူခဲ့ပြီး စစ်တွေမြို့ ဓာတ်ခွဲဌာနသို့ ပို့ဆောင်၍ သီးသန့်စစ်ဆေးရာ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူ  မိသားစုနှစ်စု လူ ကိုးဦးအနက်မှ အမျိုးသားတစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း   မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။   

အဆိုပါ ပိုးတွေ့လူနာ အမျိုးသားတစ်ဦးသည် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံရှိ  ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပြီး ကျန်ရှိသော မိသားစုဝင်များကို Quarantine ထားရှိကာ ယခုအခါ မောင်တောမြို့ ပြည်သူ့ဆေးရုံ၌ ဇွန် ၁၀ ရက်တွင် တစ်ဦး၊ ဇွန် ၁၁ ရက်တွင် တစ်ဦး စုစုပေါင်း နှစ်ဦး ရှိပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)