မောင်တော၊       ၁၂        ဇွန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေး ငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ တောင်သူများအား  ဇွန် ၁၁ ရက် မွန်းလွဲပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်(ခွဲ)၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင်  မိုးစပါးစိုက်ပျိုးရန် ကျေးရွာအုပ်စု တစ်အုပ်စုရှိ ​တောင်သူများအား မိုးစပါး တစ်ဧကလျှင် ချေးငွေ ကျပ် တစ်သိန်းခွဲနှုန်းဖြင့် စိုက်ဧက ၂၅ ဧကရှိ ​တောင်သူဦးရေ ၁၃ ဦး အတွက် ငွေ ၃၇၅၀၀၀၀ ကျပ်အား ထုတ်ချေး ထားပြီးဖြစ်ရာ အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက် နောက်ဆုံးထား၍ တစ်နှစ် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)