မောင်တော၊ ၁၂ ဇွန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေး ငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ တောင်သူများအား ဇွန် ၁၁ ရက် မွန်းလွဲပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်(ခွဲ)၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် ကျေးရွာအုပ်စု တစ်အုပ်စုရှိ တောင်သူများအား မိုးစပါး တစ်ဧကလျှင် ချေးငွေ ကျပ် တစ်သိန်းခွဲနှုန်းဖြင့် စိုက်ဧက ၂၅ ဧကရှိ တောင်သူဦးရေ ၁၃ ဦး အတွက် ငွေ ၃၇၅၀၀၀၀ ကျပ်အား ထုတ်ချေး ထားပြီးဖြစ်ရာ အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက် နောက်ဆုံးထား၍ တစ်နှစ် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


