မော်တော်ယာဉ်မောင်းနှင်သူသည်    မီးဖွင့်မောင်းရာတွင် အောက်ပါအချက်များကို   လိုက်နာရပါမည်-

(က)    မည်သည့်မော်တော်ယာဉ်မဆို  နေဝင်ပြီးအချိန်မှ နေမထွက်မီအချိန်ထိတွင်လည်းကောင်း၊    ရာသီ ဥတုကြောင့် အလင်းရောင်နည်းနေသည့် နေ့အချိန် တွင် လည်းကောင်း  အလင်းရောင်ရရှိစေရန်အတွက် မီးဖွင့်၍  မောင်းနှင်ရမည်။
( ခ )    မော်တော်ယာဉ်ရှေ့မီးကြီးများကို   မျက်နှာချင်းဆိုင် လာသူများ  မျက်စိမစူးစေရန်  အောက်စိုက်၍ အသုံးပြုရမည်။ အကယ်၍   မျက်နှာချင်းဆိုင် မော်တော်ယာဉ်မီးကြောင့်    မျက်စိစူးပါက  မိမိ   မော်တော်ယာဉ်၏ အမြန်နှုန်းကို လျှော့မောင်းရမည် သို့မဟုတ်  ခေတ္တရပ်ပေးရမည်။  အခြားမော်တော် ယာဉ်နောက်မှလိုက်၍   မောင်းနှင်နေပါက  မိမိ မော်တော်ယာဉ်၏  ရှေ့မီးကြီးများကို  အောက်စိုက် ၍  မောင်းနှင်ရမည်။
                 
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန