ဆင်ပေါင်ဝဲ ၁၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ဆင်ပေါင်ဝဲမြို့နယ်၊ စည်ပင်လှကျေးရွာတွင် ရေတွင်းများတူးဖော်၍ မြေအောက်ရေသွင်းသည့်စနစ်ဖြင့် ဥယျာဉ်၊ ခြံမြေများတွင် ရာသီပေါ်သီးနှံများစိုက်ပျိုးလျက်ရှိရာ ကွမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါကွမ်းစိုက်ပျိုးရာတွင် စတင်စိုက်ပျိုးပြီး နှစ်လခွဲအချိန်တွင် ခူးရောင်းလို့ရကြောင်း၊ တစ်ပင်နှင့်တစ်ပင် ၂ပေ ခြား၊ တစ်တန်းကို(၂၂)ပင် စိုက်ပျိုးထားရာ (၁၀)ရက်တစ်ကြိမ်ခူးလျှင် (၅)ပိဿာခန့်ရပြီး (၁)ပိဿာလျှင် လက်ရှိ ပေါက်စျေး ၄၀၀၀နှုန်းဖြင့် ရောင်းချရကြောင်းသိရသည်။
ဈေးကွက်အနေဖြင့် ဆင်ပေါင်ဝဲမြို့နယ်နှင့် အောင်လံမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကွမ်းစိုက်ပျိုးသူ ဦးဝင်းလှိုင်၏ပြောကြားချက်အရ သိရသည်။
ချိုချိုဝင်း(ပြန်ဆက်)


