၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၂၉)မိနစ်၊ (၀၂)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၃၆၀)မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်ပ (Luzon, Philippines)၊ မြောက်လတ္တီတွဒ် (၁၇.၇၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၀.၀၉)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၆.၅) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန