ဖားကန့် ၃ ဇူလိုင်
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ စုပေါင်းလုပ်ကွက်ဟောင်း နေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် ယမန်နေ့က မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားပြီး အများအပြား သေဆုံးခဲ့သည်။
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ယမန်နေ့ကတည်းက ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်အထိ သေဆုံးသူ ၁၆၆ ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၅၄ ဦးအား ဖားကန့်ဆေးရုံနှင့် ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဦးစီးဌာမှ သိရသည်။
MDN


