မဟာအောင်မြေ   ဩဂုတ် ၁၄

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား  ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ‌‌နေ့ နံနက်ပိုင်းက  ဆေးထိုးစုရပ်နေရာတို့၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ   ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို မဟာအောင်မြေမြို့နယ်အနေဖြင့်      အမက() အထက(၂၄) မြို့နယ်အားကစားကွင်း၊ လက်ပံတန်းဓမ္မာရုံနှင့် ရတနာဘုမ္မိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်()နေရာတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး(၁၈)ရပ်ကွက်မှ အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၁၀၂၂)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။  ‌ယင်းကဲ့သို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊  သွေးပေါင်ချိန်တိုင်းတာပေးခြင်း စသည့်ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ  ပြည်သူများအား  ကာကွယ်ဆေးထိုးနှံပေးခြင်းကို   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့၏  ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊  ဌာနဆိုင်ရာများ၊   ပရဟိတ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့မှ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်